UMG Group of Companies ၏မိတ္ထီလာ အရောင်းပြခန်းသစ်ကို ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားနှင့်အတူ ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်အား အနေကဇာတင်ပူဇော်ပြီး သံဃာတော်အရှင်သူမြတ်အပေါင်းအား ဆွမ်း ၀တ္တုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ အရောင်းပြခန်းသစ်တွင် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အထွေထွေ သုံးလုပ်ငန်း များအတွက် လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ တူးစက်၊ မြေထိုးစက်၊ ကျောက်ခွဲစက်၊ မြေသယ်ယာဉ်၊ မီးစက်၊ ၀န်မစက်၊ သန့်ရှင်း ရေးစက်၊ ကွန်ကရစ်ဖျော်စက်၊ သုံးဘီးမော်တော်ယာဉ်များနှင့် အခြားသော မော်တော်ယာဉ်အမျိုးအစားများ အစရှိသည်တို့ကို UMG Group of Companies မှ တင်သွင်းဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မိတ္ထီလာအရောင်းပြခန်းသစ်လိပ်စာမှာ အမှတ်(ခ-၂/၁၊၂/၂၊၂/၃)၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီး၊ မိတ္ထီလာစက်မှုဇုန်၊ မိတ္ထီ လာမြို့ ဖြစ်ပါသည်။
Your email address will not be published. Required fields are marked *