covid myanmar image

UMG Group of Companies မှ ကြီးမှူးကျင်းပသည့်  27th Anniversary UMG Futsal Championship ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် Yangon Waterboom Grass (1) Area တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲအခမ်းအနားတွင် Chairwoman ဒေါက်တာမာလာဝင်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပွဲစဥ်များကို ကြည့်ရှုအားပေးခဲ့ပါတယ်။

27th Anniversary UMG Futsal Championship ပြိုင်ပွဲတွင် အမျိုးသားအသင်း ဗိုလ်လုပွဲအဖြစ် Mahar Bandula နှင့် Tapinshwehtee တို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ....

ပထမဆုကို Tapinshwehtee အသင်းမှ ဆုကြေးငွေ (၃၀) သိန်းကျပ်!

ဒုတိယဆုကို Mahar Bandula အသင်းမှ ဆုကြေးငွေ (၂၅) သိန်းကျပ်

တတိယဆုကို Balaminhtin အသင်းမှ ဆုကြေးငွေ (၁၅) သိန်းကျပ် တို့ကို ချီးမြှင့်ခဲ့ကြပါတယ်။ 

အမျိုးသမီးအသင်း ဗိုလ်လုပွဲအဖြစ် Gandamar အသင်းနှင့် Kumudra အသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ...

ပထမဆုကို Kumudra အသင်းမှ ဆုကြေးငွေ (၁၃) သိန်းကျပ်

ဒုတိယဆုကို Gandamar အသင်းမှ ဆုကြေးငွေ (၁၀) သိန်းကျပ် 

နှစ်သိမ့်ဆုကို Dalia အသင်းမှ ဆုကြေးငွေ (၅)သိန်းကျပ်တို့ကို ချီးမြှင့်ခဲ့ကြပါတယ်။ 

ဒါ့အပြင် အကောင်းဆုံးဂိုးသမားဆုကို Tapinshwehtee အသင်းမှ ကျောနံပတ် (၁) Zwe Pyae Aung မှ ရရှိခဲ့ပြီး 

အကောင်းဆုံး အမျိုးသားကစားသမားဆုကိုတော့ Mahar Bandula အသင်းမှ ကျောနံပတ်(၉) Naing Ko Ko Htet

အကောင်းဆုံး သွင်းဂိုးအများဆုံးဆုကို Mahar Bandula အသင်းမှ ကျောနံပတ်(၉) Naing Ko Ko Htet

အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို Kumudra အသင်းမှ ကျောနံပတ်(၃) Aye Chan Moe တို့ကို ချီးမြှင့်ခဲ့ကြပြီး အမှတ်တရဓာတ်ပုံရိုက်ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့တာပဲဖြစ်ပါတယ်။