CSR ACTIVITIES
We always post up to date CSR activity.
-
UMG Group of Companies မှ ကြီးမှူးကျင်းပသည့် 27th Anniversary UMG Futsal Championship ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် Yangon Waterboom Grass (1) Area တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲအခမ်းအနားတွင် Chairwoman ဒေါက်တာမာလာဝင်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပွဲစဥ်များကို ကြည့်ရှုအားပေးခဲ့ပါတယ်။
27th Anniversary UMG Futsal Championship ပြိုင်ပွဲတွင် အမျိုးသားအသင်း ဗိုလ်လုပွဲအဖြစ် Mahar Bandula နှင့် Tapinshwehtee တို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ....
ပထမဆုကို Tapinshwehtee အသင်းမှ ဆုကြေးငွေ (၃၀) သိန်းကျပ်!
ဒုတိယဆုကို Mahar Bandula အသင်းမှ ဆုကြေးငွေ (၂၅) သိန်းကျပ်
တတိယဆုကို Balaminhtin အသင်းမှ ဆုကြေးငွေ (၁၅) သိန်းကျပ် တို့ကို ချီးမြှင့်ခဲ့ကြပါတယ်။
အမျိုးသမီးအသင်း ဗိုလ်လုပွဲအဖြစ် Gandamar အသင်းနှင့် Kumudra အသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ...
ပထမဆုကို Kumudra အသင်းမှ ဆုကြေးငွေ (၁၃) သိန်းကျပ်
ဒုတိယဆုကို Gandamar အသင်းမှ ဆုကြေးငွေ (၁၀) သိန်းကျပ်
နှစ်သိမ့်ဆုကို Dalia အသင်းမှ ဆုကြေးငွေ (၅)သိန်းကျပ်တို့ကို ချီးမြှင့်ခဲ့ကြပါတယ်။
ဒါ့အပြင် အကောင်းဆုံးဂိုးသမားဆုကို Tapinshwehtee အသင်းမှ ကျောနံပတ် (၁) Zwe Pyae Aung မှ ရရှိခဲ့ပြီး
အကောင်းဆုံး အမျိုးသားကစားသမားဆုကိုတော့ Mahar Bandula အသင်းမှ ကျောနံပတ်(၉) Naing Ko Ko Htet
အကောင်းဆုံး သွင်းဂိုးအများဆုံးဆုကို Mahar Bandula အသင်းမှ ကျောနံပတ်(၉) Naing Ko Ko Htet
အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို Kumudra အသင်းမှ ကျောနံပတ်(၃) Aye Chan Moe တို့ကို ချီးမြှင့်ခဲ့ကြပြီး အမှတ်တရဓာတ်ပုံရိုက်ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့တာပဲဖြစ်ပါတယ်။
-
သဘာဝဘေးအန္တရာယ် မြေငလျင်ဒဏ်ခံစားခဲ့ရသောသူများရဲ့ ပြိုကျပျက်စီးလုဆဲဆဲဖြစ်နေသော အဆောက်အဦများနဲ့ လူနေထိုင်ရန်မသင့်တော်သော အဆောက်အဦးများကို ဖယ်ရှားရှင်းလင်းရန် စေတနာမေတ္တာများဖြင့် UMG Myanmar Co., Ltd မှ အောက်ပါနေရာဒေသများကို သွားရောက်ကူညီ ပံ့ပိုးပေးခဲ့ပါတယ်။
ဖယ်ရှားရှင်းလင်းရာတွင် အမှန်တကယ်လိုအပ်နေတဲ့ ...
သာစည်ရွာရှိ အန္တရာယ်ရှိနေသော အဆောက်အဦကိုလည်းကောင်း၊
74 /124 လမ်းရှိ ၄ ထပ်ဆောင် အဆောက်အဦကိုလည်းကောင်း၊
မန္တလေးမြို့ရှိ တန့်ကြည်တောင် မဟာဘုံကျော်ပုဂံတိုက်၊ ဘာသန္တရသင်တန်းကျောင်းမှ ပြိုကျနေသော ဝင်ပေါက်နှစ်ဘက်နှင့် ကျောင်းအောက်ထပ် ကားပါကင်ရှိကားများအား ဆွဲထုတ်ရန်လည်းကောင်း၊
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ကျောင်းတိုက်အားလုံး ဖြိုချရမည်ဖြစ်ပါသဖြင့် ဆင်းတုများ၊ ပုရပိုက်များ၊ စာအုပ်များထားနိုင်ရန် ယာယီအဆောင်နေရာအတွက် အရေးကြီးရှင်းလင်းရာတွင်လည်းကောင်း၊
အန္တရာယ်အခြေနေရှိတဲ့ ပြိုကျလုဆဲဆဲ အဆောက်အဦများကိုလည်း ဌာနဆိုင်ရာများနှင့်ပူပေါင်း၍ ကူညီရှင်းလင်းပေးနိုင်ခဲ့ပါတယ်။
နောက်ထပ်လည်း လိုအပ်တဲ့နေရာများကိုလည်း သွားရောက်၍ ကူညီရှင်းလင်းပေးသွားဦးမှာပဲဖြစ်ပါတယ်။
#UMG_Group_of_Companies
-
ပြန်လည်ထူထောင်ရေး ကဏ္ဍများအတွက် မတည်ငွေ ( ကျပ် ၁,၀၀၀,၀၀၀,၀၀၀/- ) ကျပ်သိန်းတစ်သောင်းတိတိအား မတည်လှူဒါန်းသွား
5 April 2025
၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက် သောကြာနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးကိုဗဟိုပြု၍ (7.7) ပြင်းအားရှိ အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သော (328) သဘာဝမြေငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် စေတီပုထိုးများ၊ ဘုရားကျောင်းကန်များ၊ ပြည်သူများ၏ အသက်ခန္ဓာ၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ပြည်သူများနှင့်ထပ်တူ UMG Myanmar Co., Ltd မိသားစုမှ ထပ်တူဝမ်းနည်း ကြေကွဲရပါသည်။
သဘာဝမြေငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် UMG Myanmar Co., Ltd အနေဖြင့် လူအင်အား၊ ငွေအင်အားသာမက ကယ်ဆယ်ရေးအတွက် အထူးလိုအပ်သည့် ကားကြီးများ၊ မြေတူးစက်၊ မြေကော်စက်များ အစရှိသည့် စက်ယန္တရားများကိုလည်း ယနေ့အချိန်အထိ တတပ်တအား ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် ပြန်လည်ထူထောင်ရေး ကဏ္ဍများအတွက် မတည်ငွေ ( ကျပ် ၁,၀၀၀,၀၀၀,၀၀၀/- ) ကျပ်သိန်းတစ်သောင်းတိတိအား မတည်လှူဒါန်းသွားမည်ဖြစ်သည့်အပြင် လုပ်ငန်းများချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာမှ Supplier ကြီးများ၊ Dealer များအား မိမိတို့နှင့်အတူပူးပေါင်းပါဝင် လှူဒါန်းပေးနိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူပြည်သားများအားလုံး ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကင်းဝေးနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
-
အနန္တော၊ အနန္တငါးပါးကို ဦးထိပ်ထားလျက် UMG Group of Companies ၏ (၂၆)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အလှူ့ဒါယိကာမ ဒေါက်တာမာလာဝင်း (ဥက္ကဌ - UMG Group of Companies) မှ သံသရာမှလွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကိုရည်သန်တောင်းဆု အာရုံပြု၍ ရန်ကုန်တိုင်းဒေသကြီး၊ (၁၈)မိုင် (၃)ဖာလုံ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ လှည်းကူးမြို့နယ် "(၁၈) မိုင် တောရကျောင်းရှိဆရာတော်အရှင်စကြာဝဠာအား "ပုနောပသမ္ပဒ သိက္ခာထပ်" အလှူတော်မင်္ဂလာနှင့် ရဟန်းသံဃာတော် အရှင်သူမြတ်တို့အား " သိမ်ထပ်မင်္ဂလာ" အလှူမင်္ဂလာအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ထို့ပြင် ဗုဒ္ဓတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်ရန်၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မှ ဗုဒ္ဓတရားတော်များကို လက်တွေ့ဘဝတွင် အသုံးချနိုင်ကာ အဆင့်မြင့်ဗုဒ္ဓဘာသာဝင်များဖြစ်လာရန်နှင့် သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်အတွက် သံဃိကပညာရေးဖောင်ဒေးရှင်းသို့ အလှူငွေ ကျပ်သိန်း (၅၀) တိတိကို လည်းကောင်း...
ရဟန်းကိစ္စ နှစ်ဌာနဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာ ဓုရုတို့သည် ဧကန်မလွဲမသွေ ကျင့်ကြံရမည့် တာဝန်များဖြစ်သလို ရဟန်းတော်များအဖို့ ရှောင်လွှဲမရ၊ အပ်စပ်စွာ ဝိနည်းတော်နှင့်အညီ ဆောင်ရွက်သင့်သော ကိစ္စရပ်များအတွက် နဝကမ္မအလှူငွေ ကျပ်သိန်း (၂၆၀) တိတိကို လည်းကောင်း...
ယောဂီများ အေးချမ်းစွာ တရားဘာဝနာများအားထုတ်နိုင်ရန် ဝိဟာရဒါန ယောဂီဆောင်အတွက် အလှူငွေ ကျပ်သိန်း(၁၀၀၀)တိတိ တို့ကို သာသနာတော်ထွန်းလင်းတောက်ပရန် ရည်ရွယ်၍ လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ရပါတယ်။ နတ်၊ လူ သာဓုခေါ်စေသောဝ်....
-
UMG Group of Companies ၏ အဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ သောင်ကြီး ပရိယတ္တိဓမ္မရိပ်သာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
UMG Group of Companies ၏ ဥက္ကဌဒေါက်တာမာလာဝင်းအား အမှူးထားပြီး UMG မိသားစုဝန်ထမ်းများမှ စုပေါင်းမဟာဘုံကထိန်အလှူတော်အဖြစ် သောင်ကြီး ပရိယတ္တိဓမ္မရိပ်သာကျောင်းတိုက်ရှိ သံဃာတော်များကို ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ကို သဒ္ဓါတရားထက်သန်စွာဖြင့် သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် (BU, BR, DIV) အသီးသီးရှိ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ခဲ့ကြပြီး နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။ အဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာမှရရှိသော ကုသိုလ်အစုစုကို အားလုံးထပ်တူထပ်မျှ ရရှိနိုင်စေရန် ကုသိုလ်အမျှပေးဝေအပ်ပါကြောင်းနှင့် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေရန် စုပေါင်းမဟာဘုံကထိန်ပွဲမှ ပုံရိပ်များကို ဝေမျှပေးလိုက်ရပါသည်။
-
ရေဘေးသင့်ပြည်သူများကို စာနာထောက်ထားသောအားဖြင့် UMG Group
7 October 2024
ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခခံစားခဲ့ရသော ရေဘေးသင့်ပြည်သူများကို စာနာထောက်ထားသောအားဖြင့် UMG Group of Companies မိသားစုများမှ အလှူငွေ၊ စားနပ်ရိက္ခာနှင့် အဝတ်အထည်များကိုရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသောမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အောက်ပါအတိုင်း ပါဝင်လှူဒါန်းခဲ့ပါသည်။
UMG Group of Companies မိသားစုဝင်များမှ လေးကျွန်းသူပရဟိတအသင်းသို့ အလှူငွေ - သိန်း (၁၀၀) ကျပ်
CCD Division နှင့် UMG ရုံးခွဲမိသားစုများ၊ ၎င်းတို့၏ မိတ်ဆွေများ၏ စုပေါင်းလှူဒါန်းမှုအဖြစ် နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင်နောင်ရပ်ကွက်၊ နယ်မြေ (၃) နှင့် အနော်ရထာရပ်ကွက် နယ်မြေ (၂) နှင့် နယ်မြေ(၇) တို့မှာရှိတဲ့ မိသားစုဝင်များသေဆုံးခဲ့ရပြီး အိုးအိမ်ပျက်စီးခဲ့ရသော အိမ်ထောင်စု (၇) စုအတွက် တစ်စုလျှင် ၅ သိန်းကျပ်နှုန်းဖြင့် (၃၅) သိန်း၊ နေအိမ်ပျက်စီးဆုံးရှူံးခဲ့ရသော အိမ်ထောင်စု (၄) စုအတွက် တစ်စုလျှင် (၁) သိန်းနှုန်းဖြင့် (၄) သိန်း၊ စုစုပေါင်း (၃၉) သိန်းကျပ်
Yangon Water Boom မိသားစုမှ ရန်ကုန်မြို့တော်စည်ပင် သို့ အလှူငွေ - (၁၀) သိန်းကျပ်
Beexprss Courier Service Myanmar မိသားစုမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့ အလှူငွေ - (၁၀) သိန်းကျပ်
People Origin Co.,Ltd မိသားစုမှ LSEA သို့ အလှူငွေ - (၅) သိန်းကျပ်
Win Motor Co.,Ltd မိသားစုမှ MAMEA သို့ အလှူငွေ - (၅) သိန်းကျပ်
Win Motor Co.,Ltd နှင့် UMG ကြို့ပင်ကောက် ရုံးခွဲ တို့ပူးပေါင်း၍ အလှူငွေ - (၅) သောင်းကျပ်နှင့် အဝတ်အထည်၊ ရေသန့်၊ စားနပ်ရိက္ခာပစ္စည်းများ
Win Motor Co., Ltd နှင့် UMG နေပြည်တော် ရုံးခွဲ တို့ပူးပေါင်း၍ တပ်ကုန်းဧရိယာတွင် အိမ်ထောင်စုတစ်စုစာအတွက် ဆန် - ၂ ပြည်၊ ရေခွက် - 20 ခွက်၊ သွားတိုက်တံ - 10 ချောင်း၊ အဝတ်အထည် - 150 ဝန်းကျင်နှင့် ရေသန့်ကဒ်များ
UMG Group of Companies မိသားစုဝင်များမှ ၁၈ မိုင်တောရကျောင်း သို့ - ရေသန့်ကဒ် ၄၀၀၊ ပုန်းရည်ကြီးထုပ်များ နှင့် Win Coffee ဘူး ၆၀
UMG Group of Companies မိသားစုဝင်များမှ တောင်ငူ ရေဘေးသင့်ပြည်သူများအတွက် - အဝတ်အထည်နှင့် စားနပ်ရိက္ခာပစ္စည်းများ
CCD Division နှင့် UMG ရုံးခွဲမိသားစုများ စုပေါင်းပြီး နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအတွက် (လူဦးရေ -၂၀၀ စာ) ပဲကြမ်း၊ လက်ဖက်၊ ငံပြာရည်ကြော်၊ ကြက်ဥပြုတ်၊ အဝတ်အစား (အထုပ်ကြီး) - ၅ ထုပ် လှူဒါန်းခြင်း၊
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စက်ကုန်းကျေးရွာ၊ သာသနဟိတကာရီကျောင်းတိုက်အတွက် (လူဦးရေ - ၃၀၀ စာ) ကြက်ဥချက်နှင့် ချဥ်ပေါင်ကြော် လှူဒါန်းခြင်း၊
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေသင်ဖြူးကျေးရွာအတွက် (လူဦးရေ - ၁၂၀ စာ) ငံပြာရည်ကြော်နှင့် ငါးပိကြော်၊ ရေသန့်ကဒ် 35 ကဒ်၊ အဝတ်အစား (အထုပ်ကြီး) - ၄ ထုပ် တို့ကို လှူဒါန်းခဲ့ပါသည်။
ဤ ပြုသမျှ ကုသိုလ်ကောင်းမှုအစုစုကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့အား ထပ်တူရရှိကြ၍ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေသော် ...
-
UMG Group of Companies မှ ကြီးမှူးကျင်းပသည့် UMG Myanmar ရဲ့ (၂၆)နှစ်ပြည့်အထိမ်းအမှတ်အကြို ဖူဆယ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် Yangon Waterboom Grass (1) Area တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲအခမ်းအနားသို့ UMG Group of Companies ၏ Chairwoman ဖြစ်သူ ဒေါက်တာမာလာဝင်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
26th Anniversary UMG Futsal Championship ပြိုင်ပွဲတွင် အမျိုးသားအသင်း (၁၁)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲအဖြစ် Supply Chain အသင်း နှင့် CCD အသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ပထမဆုကို Supply Chain အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၂၀) သိန်းကျပ်၊ ဒုတိယဆုကို CCD အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၁၅) သိန်းကျပ်၊ တတိယဆုကို Win Progress အသင်းမှရရှိခဲ့ပြီး ဆုကြေးငွေ (၁၀) သိန်းကျပ်တို့နှင့်အတူ တစ်ဦးချင်းဆုတံဆိပ်၊ အသင်းလိုက် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။ယခုနှစ်တွင် ထူးခြားချက်အနေနှင့် အမျိုးသမီးအသင်းအဖြစ် Gandamar အသင်းနှင့် Kumudra အသင်းတို့မှ ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ပထမဆုကို Gandamar အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၁၂) သိန်းကျပ်၊ ဒုတိယဆုကို Kumudra အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၈) သိန်းကျပ်တို့နှင့်အတူ တစ်ဦးချင်းဆုတံဆိပ်၊ အသင်းလိုက် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။
ထို့အပြင် အကောင်းဆုံးဂိုးသမားဆုကို Supply Chain အသင်းမှ ကိုဝေလင်းထက်နှင့် အကောင်းဆုံးကစားသမားဆုကိုတော့ Supply Chain အသင်းမှပင် ကိုဇေလှိုင်ခန့် တို့က ရရှိခဲ့ပါသည်။
-
UMG Group of Companies မှ နှစ်စဉ်ပင့်ဆောင်ပူဇော်လျက်ရှိသည့် ကျိုက်မရောဆရာတော်နှင့် မွန်ဘုရင်မကြီး ရှင်စောပုတို့ ကိုးကွယ်ခဲ့သော ဆုတောင်းပြည့်ဗုဒ္ဓရုပ်ပွါးတော်များဖြစ်တဲ့ အောင်သိဒ္ဓိစင်္ကြာရှင်၊ အောင်သိဒ္ဓိသစ္စာရှင်၊ အောင်သိဒ္ဓိမေတ္တာရှင်နှင့် ပေါ်တော်မူအောင်စင်္ကြာ ဗုဒ္ဓရုပ်ပွားတော်လေးဆူကို အဌမအကြိမ်မြောက် ပင့်ဆောင်ပူဇော်ပွဲမှပုံရိပ်တွေကို ဖူးမြော်ကြည်ညိုနိုင်စေရန် မျှဝေပေးလိုက်ရပါတယ်။
-
UMG Group of Companies ရဲ့ ၂၅ နှစ်မြောက် အထိမ်းအမှတ် အစီအစဉ်လေးမှာ ဖူဆယ်ပြိုင်ပွဲလေး ထည့်သွင်းကျင်းပပေးရတဲ့ ရည်ရွယ်ချက်ကတော့ အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ ဝန်ထမ်းအားလုံး စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်အပြင်၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ဦးတည်ချက်၊ ဇွဲလုံလ ဝိရိယတို့ဖြင့် ကာယကြံ့ခိုင်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပပေးရခြင်းပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲများ အဆင့်ဆင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးနောက်မှာတော့ ဗိုလ်လုပွဲ အခမ်းအနားကို Yangon Waterboom ရှိ Grass 2 ဧရိယာတွင် (၅.၇.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
-
UMG Family Gathering 2023
8 April 2023
ဒီနေ့မှာတော့ UMG Group of Companies ရဲ့ ဝန်ထမ်းများအချင်းချင်း ပိုမိုရင်းနှီးကာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ကြိုးစားလုပ်ကိုင်သွားကြဖို့အတွက် ရည်ရွယ်ပြီး တတိယအကြိမ်မြောက် UMG Family Gathering 2023 ပွဲကြီးကို Yangon Waterboom မှာ ကျင်းပပေးခဲ့ပါတယ်။
-
UMG Group of Companies ဝန်ထမ်းများ၏ သီတင်းကျွတ်ဂါရဝပြု ကန်တော့ပွဲအခမ်းအနားကို ယနေ့ UMG ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သီတင်းကျွတ် ဂါရဝပြုကန်တော့ပွဲသို့ UMG Group of Companies ၏ Founder & Chairwoman ဖြစ်သူ MD ဒေါ်မာလာဝင်းနှင့် CEO ဖြစ်သူ ဦးကီဝီ Mr. Kiwi Aliwarga တို့မှ တက်ရောက်၍ ဂါရဝပြု ခံယူခဲ့ကြပါသည်။
ထို့နောက် ကန်တော့ခံပုဂ္ဂိုလ်များမှ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝါကျွတ်ကာလ ဂါရဝပြုခြင်းအတွက် မင်္ဂလာဩဝါဒစကားများ ပြောကြားပေးခဲ့ပါသည် ခင်ဗျာ ..
-
(၅) ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာ
12 November 2021
UMG Group of Companies မှ နှစ်စဥ်နှစ်တိုင်း ကျင်းပလှူဒါန်းမြဲဖြစ်သော (၅) ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာကို လှိုင်သာယာမြို့နယ်၊ သမကုန်းမှာရှိတဲ့ "ကျွန်းကလေး ပရိယတ္တိစာသင်တိုက်၊ ဘုန်းတော်ကြီးကျောင်း" မှာ ယနေ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ BU အသီးသီး၊ DIV အသီးသီး၊ ရုံးခွဲအသီးသီးမှ ပဒေသာပင်များ ပြုလုပ်ကာ အတူတကွ စုပေါင်းပို့ဆောင် လှူဒါန်းခဲ့ပုံများနဲ့ အလှူတော် မင်္ဂလာအခမ်းအနား ပုံရိပ်များကို အားလုံး သာဓုခေါ်ဆိုပြီး ကုသိုလ်ယူနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။
-
Quality Control Cycle Project Award
9 July 2019
UMG Group of Companies မှ Employee များ၏ Problem Solving Skill, Decision Making Skill, Team work နှင့် Leadership skill တိုးတက်စေရန်၊ အဖွဲ့အစည်းများ၏ Products & Service Quality များတိုးတက်လာစေရန်၊ Management နှင့် Employee ကြားရှိ Relationship တိုးတက်လာစေရန် စသဖြင့်ရည်ရွယ်များဖြင့် QCC (Quality Control Cycle) Projects များ ချမှတ်ပြီး ၂၀၁၈ စ၍ တစ်နှစ် တစ်ကြိမ် ပြုလုပ်ပေးလျှက်ရှိပါတယ်။ ယခုကျင်းပသော ဒုတိယအကြိမ်တွင် UMG လက်အောက်ရှိ Business Unit (၉) ခု မှ ပါဝင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး CEO နှင့် Top Management များ တက်ရောက်အားပေး ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွက် QCC Award တွင် ပထမဆုရရှိသော Win Motor Co.,Ltd. အား Certificate နှင့် ဂုဏ်ပြုဆုငွေ (၃)သိန်း၊ ဒုတိယဆုရရှိသော Win Strategis Co.,Ltd. အား Certificate နှင့် ဂုဏ်ပြုဆုငွေ (၂)သိန်း၊ တတိယဆုရရှိသော People Origin Co.,Ltd. အား Certificate နှင့် ဂုဏ်ပြုဆုငွေ (၃)သိန်း တို့အား ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
-
UMG Group Thingyan Festival 2019
9 January 2018
မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းတော့မည့် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် UMG Group of Companies မှ ဝန်ထမ်းမိသားစုများမှ ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် စုပေါင်းကျင်းပခဲ့သည်။ အဆိုပါသင်္ကြန်ပွဲတော်တွင် ဌာနတစ်ခုစီမှ တီးဆိုကပြ ဖျော်ဖြေပေးခဲ့ကြပြီး စတုဒီသာကျွေးမွေးခြင်း၊ သင်္ကြန်ကံစမ်းမဲဆုများ လက်ဆောင်ပေးခြင်းများဖြင့် ပျော်ပျော်ရွှင်ရွှင် ကျင်းပပြီး စီးခဲ့သည်။
နှစ်သစ်မှာ UMGians နှင့်တကွ မြန်မာပြည်သူပြည်သားအားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ပေးအပ်ပါသည်။
-
UCM College Myanmar Thingyan Festival 2019
9 January 2018
UMG Group of Companies ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်သော UCM (UMG College Myanmar) ၏ နှစ်သစ်ကူးသင်္ကြန်အကြို Water festival ကို ၂၀၁၉ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် UCM မှ ကျောင်းသားကျောင်းသူ၊ ဆရာ၊ ဆရာမများမှ သီချင်း၊ အက၊ သံချပ်များနှင့် ကပြ ဖျော်ဖြေခဲ့ကြပြီး စတုဒီသာကျွေးမွေးခြင်းနှင့်အတူ ပျော်ရွှင်စွာရေ ကစားခဲ့ကြ သည်။
-
Yangon Waterboom Thingyan Festival 2019
9 January 2018
Yangon Waterboom မိသားစု ရဲ့ Staff Thingyan လေးမှ ပျော်ရွှင်စရာ Memory လေးတွေကို ပြန်လည်ဝေမျှပေးပါရစေနော် Yangon Waterboom ရဲ့ Staff Thingyan ကိုပါဝင်ဆင်နွှဲပေးခဲ့သော Waterboom မိသားစုဝင်များနှင့် တာဝန်ရှိသူများ အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းလည်းပြောလိုက်ပါရစေ….. အတာရေနှင့်အတူ….. အေးချမ်းကြပါစေလို့လည်း ဆုတောင်းမေတ္တာခြွေလိုက်ပါရစေ…….
-
UMG Family Gathering
8 January 2018
UMG Group of Companies ရဲ့ UMG Family Gathering ကို ၂၀၁၉ ခုနှစ် မေလ (၄) ရက်နေ့တွင် Yangon Waterboom ရှိ Car Parking ဧရိယာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပွဲတွင် UMGians နှင့် မိသားစုဝင် (၂၀၀၀) နီးပါး လာရောက်ခဲ့ပြီး အားလုံး စားလိုက်သောက်လိုက်၊ ဂိမ်းဆော့လိုက်၊ ဈေးရောင်းလိုက်၊ ကံစမ်းမဲရင်ခုန်လိုက်နဲ့ ပျော်ရွှင်စရာ အခိုက်အတန့်ကို ဖန်တီးနိုင်ခဲ့ပါတယ်။
အဆိုပါ UMG Family Gathering အရောင်းပွဲတွင် ပထမ Most Additional Profit ကို Win Finance Team၊ ဒုတိယ Most Additional Profit ကို UCM Team၊ တတိယ Most Additional Profit ကို CFO Team ၊ စတုတ္ထ Most Additional Profit ကို Win Food Team နှင့် ပဉ္စမ Most Additional Profit ကို Yangon Branch Team တို့မှ အသီးသီးရရှိခဲ့ကြပါတယ်။ (1) ပထမ – PMC -680၊ (2) ဒုတိယ – CMC+CMS – 632၊ (3) တတိယ – CE1 – 560၊ (4) စတုတ္ထ – CAM – 500 နှင့် (5) ပဉ္စမ – CHLD – 480 တို့မှလည်း Cupon အများဆုံး ရောင်းချပေးနိုင်ခဲ့တဲ့ အတွက် မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါတယ်။
ပျော်ရွှင်စရာ ပွဲလေးဖြစ်အောင် ပူးပေါင်း ပါဝင်ကြသော Business Unit, Branches & Division များမှ တာဝန်ရှိသူများနှင့် UMGians များအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ယခုနှစ် ကျင်းပပြုလုပ်သော UMG Family Gathering ပွဲတွင် အားနည်းချက်များ ရှိပါက နားလည်ပေး မယ်လို့ ယုံကြည်ပါတယ်။ နောက်လာမည့် နှစ်တွေမှာလည်း ယခုထက် ပိုမိုကောင်းမွန်သော အစီအစဉ်များဖြင့် အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ယခုတည်းက ဖိတ်ခေါ်အပ်ပါတယ်။