covid myanmar image

၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက် သောကြာနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးကိုဗဟိုပြု၍ (7.7) ပြင်းအားရှိ အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သော (328) သဘာဝမြေငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် စေတီပုထိုးများ၊ ဘုရားကျောင်းကန်များ၊ ပြည်သူများ၏ အသက်ခန္ဓာ၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ပြည်သူများနှင့်ထပ်တူ UMG Myanmar Co., Ltd မိသားစုမှ  ထပ်တူဝမ်းနည်း ကြေကွဲရပါသည်။ 

သဘာဝမြေငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် UMG Myanmar Co., Ltd အနေဖြင့် လူအင်အား၊ ငွေအင်အားသာမက  ကယ်ဆယ်ရေးအတွက် အထူးလိုအပ်သည့် ကားကြီးများ၊  မြေတူးစက်၊ မြေကော်စက်များ အစရှိသည့် စက်ယန္တရားများကိုလည်း ယနေ့အချိန်အထိ တတပ်တအား ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ 

ထို့အပြင် ပြန်လည်ထူထောင်ရေး ကဏ္ဍများအတွက် မတည်‌ငွေ ( ကျပ် ၁,၀၀၀,၀၀၀,၀၀၀/- ) ကျပ်သိန်းတစ်သောင်းတိတိအား မတည်လှူဒါန်းသွားမည်ဖြစ်သည့်အပြင်  လုပ်ငန်းများချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာမှ Supplier ကြီးများ၊ Dealer များအား မိမိတို့နှင့်အတူပူးပေါင်းပါဝင် လှူဒါန်းပေးနိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ 

မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူပြည်သားများအားလုံး  ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကင်းဝေးနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။