
အနန္တော၊ အနန္တငါးပါးကို ဦးထိပ်ထားလျက် UMG Group of Companies ၏ (၂၆)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အလှူ့ဒါယိကာမ ဒေါက်တာမာလာဝင်း (ဥက္ကဌ - UMG Group of Companies) မှ သံသရာမှလွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကိုရည်သန်တောင်းဆု အာရုံပြု၍ ရန်ကုန်တိုင်းဒေသကြီး၊ (၁၈)မိုင် (၃)ဖာလုံ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ လှည်းကူးမြို့နယ် "(၁၈) မိုင် တောရကျောင်းရှိဆရာတော်အရှင်စကြာဝဠာအား "ပုနောပသမ္ပဒ သိက္ခာထပ်" အလှူတော်မင်္ဂလာနှင့် ရဟန်းသံဃာတော် အရှင်သူမြတ်တို့အား " သိမ်ထပ်မင်္ဂလာ" အလှူမင်္ဂလာအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ထို့ပြင် ဗုဒ္ဓတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်ရန်၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မှ ဗုဒ္ဓတရားတော်များကို လက်တွေ့ဘဝတွင် အသုံးချနိုင်ကာ အဆင့်မြင့်ဗုဒ္ဓဘာသာဝင်များဖြစ်လာရန်နှင့် သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်အတွက် သံဃိကပညာရေးဖောင်ဒေးရှင်းသို့ အလှူငွေ ကျပ်သိန်း (၅၀) တိတိကို လည်းကောင်း...
ရဟန်းကိစ္စ နှစ်ဌာနဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာ ဓုရုတို့သည် ဧကန်မလွဲမသွေ ကျင့်ကြံရမည့် တာဝန်များဖြစ်သလို ရဟန်းတော်များအဖို့ ရှောင်လွှဲမရ၊ အပ်စပ်စွာ ဝိနည်းတော်နှင့်အညီ ဆောင်ရွက်သင့်သော ကိစ္စရပ်များအတွက် နဝကမ္မအလှူငွေ ကျပ်သိန်း (၂၆၀) တိတိကို လည်းကောင်း...
ယောဂီများ အေးချမ်းစွာ တရားဘာဝနာများအားထုတ်နိုင်ရန် ဝိဟာရဒါန ယောဂီဆောင်အတွက် အလှူငွေ ကျပ်သိန်း(၁၀၀၀)တိတိ တို့ကို သာသနာတော်ထွန်းလင်းတောက်ပရန် ရည်ရွယ်၍ လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ရပါတယ်။ နတ်၊ လူ သာဓုခေါ်စေသောဝ်....