CSR Activity Image

မြန်မာလူမျိုးတို့အတွက် အထွဋ်အမြတ်ထားရာ လူကြီး၊ မိဘနဲ့ ဆရာသမားတွေကို လက်ဆယ်ဖြာထိပ်မှာမိုးလို ဂါရဝတရားရှေ့မှာထားပြီး ကန်တော့ကြတဲ့ သီတင်းကျွတ်ကာလ အခါသမယမှာ UMG Group of Companies ၏ မိသားစုဝင်များဟာ ဥက္ကဌ ဒေါက်တာမာလာဝင်းနှင့်တကွ  ကျေးဇူးရှင်ဆရာသမားများကို (၃)ပါးသောကံမှာ တစ်ပါးပါးဖြင့် ပြစ်မှားမိခဲ့တာများကို ဂါရဝပြုပြီး ရိုသေစွာ ဝန်ချတောင်းပန် ကန်ဝောာ့ခဲ့ကြပါတယ်။ 


ဒီလို မင်္ဂလာရှိတဲ့အချိန်အခါမှာ UMG Group of Companies ၏ မိသားစုဝင်များဟာ ကျေးဇူးရှင်ဆရာသမားများကို ရိုသေလေးစားစွာ ကန်တော့ကြရင်း ကုမ္ပဏီရဲ့ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့  အမှတ်တရအခိုက်အတန့်လေးတွေကို ကြည့်ရှုခံစားရင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေလို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


#UMG_Group_of_Companies